Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အောင်မြင်ကျေးရွာ၌ လူသုံးကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်


05 Jul,2022

ပဲခူး၊ ဇူလိုင် ၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှုး၍ တိုင်းဒေသကြီးအတွင်း တပိုင်တနိုင်အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျောက်တံခါးမြို့နယ်၊ အောင်မြင်ကျေးရွာ၌ လူသုံးကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်၉နာရီခွဲတွင် ကျင်းပပြုလုပ်ရာ ပဲခူးတိုင်း ဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှတိုင်းဒေသကြီးဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ကျောက်တံခါးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌက အမှာစကားပြောကြားသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ကျောက်တံခါးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌ အောင်မြင်ကျေးရွာမှ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြနှင့် သင်တန်းသား/သူ (၂၀)ဦးတို့ တက်ရောက်ခဲ့ကြပြီး သင်တန်းကို ဇူလိုင်လ ၉ ရက်နေ့အထိ ဘက်စုံသုံးဆပ်ပြာဆီ၊ ပန်းကန်ဆေးဆပ်ပြာဆီ၊ အဝတ်လျှော်ဆပ်ပြာဆီ၊ လက်ဆေးဆပ်ပြာဆီ၊ ရေချိုးဆပ်ပြာဆီ၊ မျက်နှာသစ်ဆပ်ပြာခဲနှင့် Hand Spray၊ Hand Gel ပြုလုပ်နည်းတို့ကို (၅)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm