Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လယ်ဝေးမြို့နယ် ကြို့ဇလုပ်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး


27 Feb,2024

နေပြည်တော် ဖေဖော်ဝါရီ ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လယ်ဝေးမြို့နယ် ကြို့ဇလုပ်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးရန်မျိုးနိုင်၊ လယ်ဝေးခရိုင်နှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တာဝန်ရှိသူများ၊ တာဝန်ခံအင်ဂျင်နီယာများက သက်ဆိုင်ရာ ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကျေးရွာလမ်း ကော်မတီဝင်များနှင့်အတူ သရက်တောကျေးရွာ ကျေးလက် ကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော် ဦးစီးမှူး ဦးရန်မျိုးနိုင်က လိုအပ်သည်များ ဖြည့်စွက်မှာကြားပါသည်။

အဆိုပါ ကြို့ဇလုပ်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း အရှည် ၆ ဒသမ ၁၂၆ ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် တစ်ပေ ကျောက်ရောမြေခင်းခြင်း၊ မြေနီကျောက်စရစ် ကိုးလက်မထု ခင်းခြင်း၊ ကုန်ထုတ်တံတားအဖြစ် Slab Culvert တစ်စင်းတည်ဆောက်ခြင်း၊ အရှည် ၆၀ ပေ အကျယ် ၁၂ ပေ ရေကျော်တည်ဆောက်လုပ်ငန်းတို့ကို ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် ၆၀ ဒသမ ၇၀၃ သန်းဖြင့် တင်ဒါအောင်မြင်သည့် ဝမ်းပြည့်အောင်ကုမ္ပဏီမှ ဇွန်လ စတုတ္ထအပတ်က စတင်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်သည်။

အဆိုပါ ကြို့ဇလုပ်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဆောင်ရွက်နိုင်မှုကြောင့်  ကျေးရွာရှိ အိမ်ခြေ ၃၆၈ လူဦးရေ ၁၅၄၇ ဦးတို့၏ စိုက်ပျိုးမြေဧက ၁၀၀ ဧကကျော်ကို အကျိုးပြုနိုင်မှာ ဖြစ်ပြီး အဆိုပါ စိုက်ပျိုးမြေဧကများမှ ထွက်ရှိသော ထုတ်ကုန်၊ ထွက်ကုန်များအား ဈေးကွက်အတွင်းသို့ ကုန်ကျစရိတ် သက်သာစွာ အလွယ်တကူသယ်ယူ ပို့ဆောင်နိုင်မှာ ဖြစ်ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm