Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရွှေတောင်မြို့နယ် ကျေးရွာ(၉)ရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ချပြရှင်းလင်းခြင်းနှင့် လုပ်ငန်းလွှဲပြောင်းခြင်းအခမ်းအနား ကျင်းပ


27 Feb,2024

ရွှေတောင်    ဖေဖော်ဝါရီ   ၂၇

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ကျေးရွာ(၉)ရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)လုပ်ငန်းများ ချပြရှင်းလင်းခြင်းနှင့် လုပ်ငန်း လွှဲပြောင်းခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းက အဆိုပါ ကျေးရွာများ၌ ကျင်းပ သည်။

အခမ်းအနားတွင် ရွှေတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီး အရာရှိ ဦးအောင်ဖြိုးနိုင်နှင့် တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းများ လွှဲပြောင်းအပ်နှံရခြင်း၏ ရည်ရွယ်ချက်နှင့် လုပ်ငန်း ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ကျေးရွာ(၉)ရွာမှ ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များက ကျေးရွာသို့ လုပ်ငန်းလွှဲပြောင်းမှတ်တမ်းလွှာများ လွှဲပြောင်းပေးအပ်ခဲ့သည်၊၊

အဆိုပါ ကျေးရွာ(၉)ကျေးရွာတွင် အရှည်ပေ ၅၅၀၊ အကျယ် ၁၂ပေ၊ အမြင့် ခြောက်လက်မရှိ ရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ခုနှစ်ခု၊ အရှည်ပေ ၂၅၀၀၊ အကျယ် ၁၂ပေ၊ အမြင့် ခြောက်လက်မရှိ ရွာတွင်းလမ်း မြေနီခင်းခြင်းလုပ်ငန်း နှစ်ခုနှင့် ရေသန့်စင်စနစ် တပ်ဆင်ခြင်း လုပ်ငန်းများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေကျပ် ၁၃၅သန်းနှင့် ကျေးရွာပြည်သူလူထုလုပ်အားများ ပူးပေါင်း၍ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှုဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် ၂၀၂၃ ခုနှစ် စက်တင်ဘာ ပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်၊၊


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm