Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပုသိမ်ကြီးမြို့နယ်၊ နန္ဒာ(မြောက်)ခေတ်မီ စံပြကျေးရွာ၌ ကိုယ်ပိုင်လုပ်ငန်းထူထောင်လိုသူများအား လုပ်ငန်းသုံးပစ္စည်းများပေးအပ်


26 Feb,2024

မန္တလေး၊ ဖေဖော်ဝါရီ ၂၆

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းဖြင့် ပုသိမ်ကြီးမြို့နယ်၊ နန္ဒာ(မြောက်) ခေတ်မီစံပြကျေးရွာမှ စက်ချုပ်လုပ်ငန်းလုပ်ကိုင်လိုသူ သင်တန်းသား(၁၃)ဦးအား အခြေခံနှင့်မွမ်းမံ စက်ချုပ်နည်းပညာသင်တန်းတို့ကို ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်သည်အထိ ကျွမ်းကျင်တတ် မြောက်အောင် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ဖြစ်ပါသည်။

          အဆိုပါ သင်တန်းများမှ သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ထားသော လုပ်ငန်းထူထောင်လိုသူ ထူးချွန်သင်တန်းသား(၅)ဦးအား ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်ရန်အတွက် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက နန္ဒာ(မြောက်)ခေတ်မီစံပြကျေးရွာ၊ ဓမ္မာရုံ၌ ကျင်းပရာ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွန်ကြားရေးမှူး၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ နည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြပါသည်။

          အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွန်ကြားရေးမှူးက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး ဆောင်ရွက်မည့် စီမံကိန်းနှင့် စပ်လျဉ်း၍ သင်တန်းပေးရခြင်း၊ လုပ်ငန်းသုံးပစ္စည်းများပေးအပ်ရခြင်းစသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။

          ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွန်ကြားရေးမှူးနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက လုပ်ငန်းသုံးပစ္စည်းများ၊ သင်တန်းထူးချွန်ဆုများနှင့် သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm