Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျုံပျော်မြို့နယ်သမဝါယမအသင်းစု၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်ဒါရိုက်တာအဖွဲ့ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနား ကျင်းပ


04 Jul,2022

ကျုံပျော်၊ ဇူလိုင်

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်သမဝါယမအသင်းစု၏ ၂၀၁၉-၂၀၂၀နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်ဒါရိုက်တာ ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကို ကျုံပျော်မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ သည်။

အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးသမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်း စုချုပ်တို့မှတာဝန်ရှိသူများ၊ ကျုံပျော်မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်သမဝါယမအသင်းစုမှ အမှုဆောင်ဒါရိုက်တာနှင့် ဝန်ထမ်းများ၊ အသင်းဝင် အခြေခံသမဝါယမအသင်းများမှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြသည်။

အခမ်းအနားပထမပိုင်းတွင် သဘာပတိအဖြစ် ကျုံပျော်မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌဦးသောင်းရွှေက အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ၂၀၁၉-၂၀၂၀နှင့် ၂၀၂၀-၂၀၂၁ ခုနှစ် ဒါရိုက်တာအဖွဲ့လုပ်ငန်းအစီရင်ခံစာ၊ အသင်းစာရင်းစစ်အစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေး ရှင်းတမ်းများကို ဖတ်ကြားရှင်းလင်းခဲ့ပြီး တက်ရောက်လာကြသူများထံမှ အတည်ပြုချက်ရယူ ခဲ့သည်။

ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်နိုင်ထွန်းက သဘာပတိအဖြစ်ဆောင်ရွက်ပြီး အမှုဆောင် အသစ်များကို ဆန္ဒမဲပေးရွေးချယ်ကာ တာဝန်ခွဲဝေပေးအပ်၍ အမှုဆောင်အသစ်များက ကတိသစ္စာခံယူခဲ့ကြကြောင်း သိရသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm