နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃
သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မကွေး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်) များ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်လျက်ရှိသော ပထမနှစ်သင်တန်းသား/သူ ၁၉၃ ဦးသည် ဖေဖော်ဝါရီ ၁၃ ရက်မှ ၂၄ ရက်နေ့ထိလည်းကောင်း၊ ဒုတိယနှစ်သင်တန်းသား/သူ ၂၅၂ ဦးသည် ဖေဖော်ဝါရီ ၁၃ ရက်မှ ၂၆ ရက်နေ့ထိလည်းကောင်း၊ စုစုပေါင်းသင်တန်းသား/သူ ၄၄၅ ဦး တို့က သက်ဆိုင်ရာသက်မွေးပညာသင်တန်းကျောင်းများ၌ အရည်အချင်းစစ်စာမေးပွဲများကို အသီးသီးဖြေဆိုလျက်ရှိသည်။
သင်တန်းပထမနှစ်တွင် Business Accounting (စာရင်းရေး စာရင်းကိုင်ပညာ)၊ Fundamentals of ICT၊ သမဝါယမပညာ၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂဗေဒ ဘာသာရပ်များ၊ ဒုတိယနှစ်တွင် Cost Accounting၊ Financial Accounting၊ Computerized Accounting၊ Business Organization and Management၊ သမဝါယမစာရင်းကိုင်ပညာနှင့် စာရင်းစစ်ဆေးခြင်း၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂဗေဒဘာသာရပ်များကို သင်ကြားပို့ချပေးလျက် ရှိသည်။
သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းများကို ၂၀၂၂ ခုနှစ်၊ ဇွန်လမှ စတင်၍ မကွေးမြို့၊ မန္တလေးမြို့၊ တောင်ကြီးမြို့၊ မော်လမြိုင်မြို့၊ ပုသိမ်မြို့များတွင် ဖွင့်လှစ်ခဲ့သည်။ သင်တန်းသို့ Grade 10 (စနစ်သစ်) အောင်မြင်ပြီးသူများတက်ရောက်နိုင်ပြီး စာရင်းကိုင် ပညာရပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်စေရန်နှင့် ထူးချွန်သည့် သင်တန်းသားများကို စိစစ်ရွေးချယ်ပြီး သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်၊စစ်ကိုင်း)နှင့် သမဝါယမ ကောလိပ် (မန္တလေး၊ ဖောင်ကြီး)သို့ပေါင်းကူး၍ ပညာဆက်လက်သင်ယူနိုင်သည့် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ သင်တန်းသားများအတွက် စားသောက်စရိတ်၊ တူညီဝတ်စုံများနှင့် နေထိုင်ရေး အဆင်ပြေနိုင်စေရန်စီစဉ်ပေးခြင်း၊ သင်တန်းသားများအား လုပ်ငန်းခွင်တွင် ကျွမ်းကျင်စွာ ဆောင်ရွက် နိုင်စေရန်နှင့် လုပ်ငန်းအတွေ့အကြုံများရရှိစေရန်အတွက် Internship Program များ ထည့်သွင်း ရေးဆွဲပြီး သမဝါယမအသင်းများနှင့် စီးပွားရေးအဖွဲ့အစည်းများသို့ လက်တွေ့ကွင်းဆင်း လေ့လာ ဆောင်ရွက်ခြင်း၊ သင်တန်းပြီးဆုံးသည့်အခါ ဌာနမှ စီးပွားရေး အဖွဲ့အစည်းများနှင့် သမဝါယမ အသင်းများ၊ ဘဏ်များကိုဖိတ်ခေါ်၍ မိတ်ဆက်ပွဲအခမ်းအနားများပြုလုပ်ကာ ချိတ်ဆက်ဆောင်ရွက်ခြင်းများ လုပ်ဆောင်ပေးလျက်ရှိပြီး သင်တန်းကာလ(၂)နှစ် အောင်မြင်ပြီးဆုံး ပါက Certificate in Business Accounting ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်