Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တာချီလိတ်မြို့နယ်၌ လယ်ယာဧကများစွာကို အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးမှုစစ်ဆေး


23 Feb,2024

တာချီလိတ်  ဖေဖော်ဝါရီလ ၂၃ရက်

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊  တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က တာကြန့်ကျေးရွာ၌  လယ်ယာဧကများစွာကို အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်းဖောက်ပြီးစီးမှု အခြေအနေများကို ယနေ့   နံနက်ပိုင်းက  တာဝန်ရှိသူများမှ  ကွင်းဆင်းစစ်ဆေးသည်။
 
‌ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်  တာချီလိတ်   ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးရဲခေါင် နှင့် အင်ဂျင်နီယာ ဝန်ထမ်းများသည်  ကျေးလက်ကုန်ထုတ်လမ်း ဖြစ်မြောက်ရေးကော်မတီဝင်များနှင့်အတူ တာကြန့်ကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးမှု အခြေအနေများကို  ကြည့်ရှူစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက  ကျေးရွာရှိ ရပ်မိရပ်ဖများ ၊ကျေးရွာသူ/သားများနှင့် တွေ့ဆုံကာ ဆောင်ရွက်ပြီးသော ကျေးလက်ကုန်ထုတ်လမ်းအား ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားသည်။
 
အဆိုပါ‌ကျေးလက်ကုန်ထုတ်လမ်းသည်အရှည်  ၁မိုင်   ၊အကျယ် ၁၂ ပေ၊ ထု  ၉လက်မရှိပြီး ပြည်ထောင်စု(မူလ)ခွင့်ပြုရန်ပုံငွေကျပ် (၄၂ ဒသမ ၆၁၃)သန်းဖြင့် တင်ဒါအောင်မြင်သည့် မင်းမြန်မာထွန်း  ကုမ္ပဏီက ၂၀၂၃ခုနစ် ဇူလိုင်လ  တတိယအပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုအခါလုပ်ငန်းများအားလုံး  ရာနူန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်၍  အဆိုပါကျေးရွာရှိ အကျိုးပြုအိမ်ခြေ(၁၁၀)၊ လူဦးရေ (၅၅၀)ဦးတို့၏ စိုက်ပျိုးမြေဧက(၂၀၀)ကျော်မှ  ထွက်ရှိသည့် စပါးနှင့် အခြားသော စိုက်ပျိုးသီးနှံများ စျေးကွက်အတွင်းသို့ ကုန်ကျစရိတ်သက်သာစွာဖြင့် သယ်ယူပို့ဆောင်နိုင်ပြီ ဖြစ်ကြောင်း တာချီလိတ်   ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးရဲခေါင် ထံမှသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm