Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရပ်စောက်မြို့နယ်၊ ကျောက်တောခေတ်မီစံပြ ကျေးရွာ၌ RBFစီမံကိန်းဖြင့် ဒေသဝက်မွေးမြူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုစစ်ဆေး


23 Feb,2024

ရပ်စောက် ဖေဖော်ဝါရီလ ၂၃ရက်
 
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက     ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF)စီမံကိန်း ရန်ပုံငွေများဖြင့် မိသားစု ဝင်ငွေတိုး ဒေသဝက်မွေးမြူခြင်းလုပ်ငန်းများ  ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယနေ့  နံနက်ပိုင်းက တာဝန်ရှိသူများ မှ ကျောက်တော ကျေးရွာ အုပ်စု၊ ကျောက်တော ခေတ်မီစံပြကျေးရွာ ၌ ကွင်းဆင်းစစ်ဆေးခဲ့ သည်။
 
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဦးရှေးရယ်၊ စီမံကိန်းတာဝန်ခံ နှင့် ဝန်ထမ်းများသည် ကျောက်တော ခေတ်မီစံပြကျေးရွာတွင်  အစုအဖွဲ့စနစ်ဖြင့် သန်းထိုက်အောင်ဝက်‌မွေးမြူရေးအဖွဲ့မှ    ဒေသဝက်ကောင်ရေ (၂၀)မွေးမြူထားရှိမှု၊ ဝက်စာများသိုလှောင်ထားမှု  အခြေအနေများကို ကြည့်ရှု့စစ်ဆေးပြီး မြို့နယ်ဦးစီးမှူး က RBF အသင်းသူ/သားများနှင့် တွေ့ဆုံကာ ဝက်အစာဈေးနူန်းများ၊ မွေးမြူရေးကုန်ကျစရိတ်၊ရောင်းချသည့်ဈေးနူန်းများကို မေးမြန်းဆွေးနွေးပြီး ကျေးရွာ တင်ပြချက်များအပေါ် လိုအပ်သည်များ ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။
 
ကျောက်တောခေတ်မီစံပြ ကျေးရွာတွင် အစုအဖွဲ့စနစ်ဖြင့် မိသားစု ဝင်ငွေးတိုး စီးပွားရေးလုပ်ငန်းများကို ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF)စိမံကိန်းချေးငွေကျပ်သိန်း(၁၀၀)၊ အသင်းဝင်များ၏ မတည်ငွေ(၃၄)သိန်း၊စုစုပေါင်းရန်ပုံငွေကျပ်(၁၃၄)သိန်းကို  အဆိုပါ ကျေးရွာရှိစိုက်ပျိုးရေး၊ မွေးမြူရေးထုတ်လုပ်သူများ၊  အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ကိုင်သူများအတွက် လိုအပ်သောအရင်းအနှီးရရှိစေရန်၊ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများအား အစုအဖွဲ့စနစ်ဖြင့် ဆောင်ရွက်တက်စေရန်စသည့် ရည် ရွယ်ချက်များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဦးရှေးရယ် ထံမှသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm