ပုဇွန်တောင် ဖေဖော်ဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်သမဝါယမအသင်းစုလီမိ တက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို မြို့နယ်သမဝါယမအသင်းစုအစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ ၂၁ က ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးရွှေမိုဃ်းက သဘာပတိ အဖြစ်ဆောင်ရွက်ကာ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ရန်ကုန်တိုင်းဒေသကြီးသမဝါယမ ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးသူမြင့်က လမ်းညွန်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အသင်းအမှုဆောင်ဒါရိုက်တာအဖွဲ့အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းများကို မြို့နယ်သမဝါယမ အသင်းစု အမှုဆောင်အဖွဲ့မှ ဖတ်ကြားတင်ပြအတည်ပြုချက်ရယူခဲ့ပြီး အသင်းဝင်များအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အစုအပေါ်အမြတ်များထုတ်ပေးပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။
ဟန်စုယဉ်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်