Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပေါင်မြို့နယ် အမှတ်(၂)ပညာရေးဝန်ထမ်းများငွေစုငွေချေးသမဝါယမအသင်းက ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနား ကျင်းပ


30 Jun,2022

ပေါင်၊ ဇွန် ၃၀

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၂)ရက် စနေနေ့တွင် ကျရောက်မည့် နှစ်(၁၀၀)ပြည့် အပြည်ပြည် ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် အမှတ်(၂)ပညာရေးဝန်ထမ်းများ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်မှ အသင်းသား/သူများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်(၀၉:၀၀)နာရီတွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ရာ ပြည်နယ်သမဝါယမဦးစီးမှူး၊ ပြည်နယ်သမဝါယမအသင်းစုချုပ်ဉက္ကဋ္ဌ၊ မြို့နယ်ပညာရေးမှူး နှင့်တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့မှ တာဝန်ရှိသူများ၊ ထူးချွန်ဆုရကျောင်းသား/သူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ပြည်နယ်သမဝါယမဦးစီးမှူးက အမှာစကားပြောကြားခဲ့ပြီး တာဝန်ရှိသူများမှ ဂုဏ်ထူးရကျောင်းသား(၁၄)ဦးနှင့် ရိုးရိုးအောင်မြင်သူ(၇)ဦးတို့အား  ပညာသင် ထောက်ပံ့ကြေးငွေကျပ်( ၈၄၀၀၀၀/-) အား အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm