Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ချောက်မြို့နယ်၌ ကျေးရွာချင်းဆက်လမ်း မြေနီခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု စစ်ဆေး


23 Feb,2024

ချောက် ဖေဖော်ဝါရီ ၂၂

         မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ညောင်နီကျင်း-ကျောက်တန်း-ညောင်ပင်သာ ကျေးရွာချင်းဆက်လမ်း မြေနီခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ဖေဖော်ဝါရီ ၂၁ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ချောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဦးဇော်မင်းထွဋ်နှင့် မြို့နယ်အရည်အသွေး စစ်ဆေးရေးအဖွဲ့ဝင်များ၊ ကျေးရွာကော်မတီဝင်များနှင့်အတူ ညောင်နီကျင်း- ကျောက်တန်း- ညောင်ပင်သာ ကျေးရွာချင်းဆက်လမ်း မြေနီခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး ချောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဦးဇော်မင်းထွဋ်က ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရေရှည်တည်တံ့ခိုင်မြဲအောင် သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းထိမ်းသိမ်းကြရန်မှာကြားသည်။

         ချောက်မြို့နယ် ညောင်နီကျင်း-ကျောက်တန်း- ညောင်ပင်သာ ကျေးရွာချင်းဆက်လမ်းအရှည် တစ်မိုင်၊ အကျယ် ၁၈ ပေ၊ အမြင့် ခြောက်လက်မရှိ မြေနီခင်းခြင်းလုပ်ငန်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာဝန်ထမ်းများက ယခုနှစ် ဇန်နဝါရီလ တတိယပတ်ကစတင် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်သည့်အတွက် ညောင်နီကျင်း၊ ကျောက်တန်း၊ ညောင်ပင်သာ ကျေးရွာတို့ရှိ ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေနေပြီဖြစ်ကြောင်း ချောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဦးဇော်မင်းထွဋ်က ပြောပြ၍ သိရသည်။

ဇင်မာ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm