Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကွန်ဟိန်းမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကျပ်(၄၉၂)သိန်း ထုတ်ချေး


23 Feb,2024

ကွန်ဟိန်း ဖေဖော်ဝါရီလ ၂၃ရက်
 
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန် ခရိုင်၊ ကွန်ဟိန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင် ကျေးရွာ စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ (နဝမ)အကြိမ်မြောက် ထုတ်ချေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများမှ လိုက်ကမ်ကျေးရွာအုပ်စု ၊‌ လိုက်ကမ်ကျေးရွာ၌ ထုတ်ချေးပေးခဲ့သည်။
 
ပထမဦးစွာ ကွန်ဟိန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ 
ဒေါ်ဇင်မာဆန်း က လိုက်ကမ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေများ ထုတ်ချေးရခြင်း၏ ရည်ရွယ်ချက်များ နှင့် အကျိုးကျေးဇူးများကို ရှင်းလင်း ပြောကြားခဲ့သည်။
 
ဆက်လက်၍ စီမံကိန်းတာဝန်ခံ နှင့် ဝန်ထမ်းများက စီမံကိန်းအကြောင်းအရာများ၊ အတိုးနူန်း နှင့်ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေး ရာတွင်လိုက်နာရမည့် စည်းကမ်း သတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး ဦးစီးအရာရှိက ကျေးရွာမြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များ ထံသို့ အရင်းမပျောက်လည်ပတ်ရန်ပုံငွေများကို လွှဲပြောင်းပေးအပ်ခဲ့သည်။
 
ထိုနောက် ဦးစီးအရာရှိ နှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက လိုက်ကမ် ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ(၄၀)ဦး ငွေကျပ်(၃၅၇)သိန်း ၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၁၃)ဦး ငွေကျပ်(၁၂၅) သိန်း နှင့် အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ (၁)ဦး ငွေကျပ်(၁၀)သိန်း စုစုပေါင်း အသင်းသူ/သား (၅၄)ဦး ကို အလုပ် အကိုင် အခွင့်အလမ်း နှင့် မိသားစုဝင်ငွေ တိုးပွားလာစေရန်၊တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ်(၄၉၂) သိန်းအား အသင်းသူ/သားများ၏ တစ်ဦးခြင်း လက်ဝယ်အရောက် အတိုးနူန်းသက်သာစွာဖြင့် နဝမအကြိမ်မြောက် ထုတ်ချေးပေးခဲ့ကြောင်း ကွန်ဟိန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm