Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လင်းခေးမြို့နယ် နမ့်တင်ကျေးရွာ၌ ရွာတွင်းကွန်ကရစ်ဘီးလမ်းခင်းခြင်းပြီးစီးမှု ကွင်းဆင်းစစ်ဆေး


22 Feb,2024

လင်းခေး ဖေဖော်ဝါရီ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် လင်းခေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လင်းခေးမြို့နယ် နမ့်တင်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ပံ့ပိုးရန်ပုံငွေဖြင့် ရွာတွင်းကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် လင်းခေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးလှမျိုးအောင်၊ လင်းခေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးမြင့်သူ၊ စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ လင်းခေးမြို့နယ် နမ့်တင်ကျေးရွာ၌ အရှည် ၁၀၀၀ ပေ၊ အမြင့် လေးလက်မ၊ တစ်ဖက်လျှင် အကျယ် သုံးပေခြောက်လက်မရှိ ရွာတွင်းကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို တန်ဖိုးထားရန်၊ အကျိုးရှိစွာ အသုံးပြုရန်နှင့် ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားသည်။
လင်းခေးမြို့နယ် နမ့်တင်ကျေးရွာ၌ ရွာတွင်းကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ပံ့ပိုးရန်ပုံငွေနှင့် ပြည်သူထည့်ဝင်ငွေ စုစုပေါင်းငွေကျပ် ၁၅ ဒသမနှစ်သန်း အသုံးပြု၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများက နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာပြည်သူလူထုကိုယ်တိုင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ နမ့်တင်ကျေးရွာမှ အိမ်ခြေ ၁၄၉ အိမ်၊ လူဦးရေ ၅၇၉ ဦးအတွက် လမ်းပန်းဆက်သွယ်ရေး ပိုမိုလွယ်ကူချောမွေ့စွာ သွားလာလျက်ရှိကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm