Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တီးတိန်မြို့နယ်၌ ကျေးလက်ရေပေးရေးပြင်ဆင်ထိန်းသိမ်းနည်းသင်တန်းပို့ချ


22 Feb,2024

တီးတိန် ဖေဖော်ဝါရီ ၂၂
ချင်းပြည်နယ် တီးတိန်ခရိုင် တီးတိန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်နယ်ရန်ပုံငွေဖြင့် စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့သောကျေးရွာ သုံးရွာမှ ရေပေးရေးလုပ်ငန်းပြင်ဆင်ထိန်းသိမ်းရေး ကော်မတီဝင်များအတွက် ကျေးလက်ရေပေးရေးပြင်ဆင်ထိန်းသိမ်းနည်းသင်တန်းပို့ချခြင်းကို ဖေဖော်ဝါရီ ၂၁ ရက်နံနက်ပိုင်းက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သင်ကြားပို့ချကြောင်း သိရသည်။
ရှေးဦးစွာ တီးတိန်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တခရိုင်ဦးစီးမှူး ဒေါ်ကျိန်ဒိုးလျန်က သင်တန်းဖွင့် အမှာစကားပြောကြားသည်။
ဆက်လက်၍ တီးတိန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လွင်ငိုက်လွန်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တီးတိန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လွင်ငိုက်လွန်နှင့် တာဝန်ခံအင်ဂျင်နီယာ ဦးလျန်းယွန်းမုန်တို့က ကျေးလက်ရေပေးရေးပြင်ဆင်ထိန်းသိမ်းနည်းများကို စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးသည်။
အဆိုပါသင်တန်းသို့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်နယ်ရန်ပုံငွေဖြင့် စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့သောကျေးရွာ သုံးရွာမှ ရေပေးရေးလုပ်ငန်းပြင်ဆင်ထိန်းသိမ်းရေး ကော်မတီဝင် ၁၂ ဦး တက်ရောက်ပြီး သင်တန်းတွင် ကျေးလက်ရေပေးရေးပြင်ဆင်ထိန်းသိမ်းနည်းများကို တစ်ရက်ကြာ အခမဲ့ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း တီးတိန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm