နေပြည်တော် ဖေဖော်ဝါရီ ၂၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် ၂၁-၂-၂၀၂၄ ရက်နေ့ နံနက်(၁၁း၀၀) နာရီအချိန်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်)၌ သင်တန်းတက်ရောက်နေကြသည့် တိုင်းဒေသကြီး/ပြည်နယ်များမှ GIS လုပ်ငန်းတာဝန်ခံ ဆောင်ရွက်မည့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားရေး (၁/၂၀၂၄) သင်တန်းသို့ ကြွရောက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး သင်တန်းသားများအား ဂုဏ်ပြုထောက်ပံ့ငွေများပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ထိုနောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အင်ဂျင်နီယာချုပ် (မြို့ပြ)များ၊ စစ်ဆေးရေးအရာရှိချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ကျေးလက်လမ်းဖွံ့ဖြိးရေးဦးစီးဌာနရှိ ဌာနခွဲများတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဝန်ထမ်းများ၏ လစဉ် သက်သာထောက်ပံ့ရေးကိစ္စများအတွက် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်