ချောက် ဖေဖော်ဝါရီ ၂၁
မကွေးတိုင်းဒေကြီး ချောက်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက ကျေးလက်နေ ပြည်သူများ၏ မြို့ပြနှင့်ကျေးလက်ကွာဟမှု ကျဉ်းမြောင်းစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ပြင်ထိန်းရန်ပုံငွေ ၁၉ ဒသမ ၅ သန်း ဖြင့် ဆောင်ရွက်သည့် ညောင်နီကျင်း-ကျောက်တန်း-ညောင်ပင်သာ ကျေးရွာချင်းဆက်လမ်း မြေနီခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ချောက်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ (မြို့ပြ) ဦးဇော်မင်းထွဋ် နှင့် မြို့နယ်အရည်အသွေး စစ်ဆေးရေးအဖွဲ့ဝင်များ၊ များက ကျေးရွာ ကော်မတီဝင်များ နှင့်အတူ ညောင်နီကျင်း-ကျောက်တန်း-ညောင်ပင်သာ ကျေးရွာချင်းဆက်လမ်း မြေနီခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ချောက်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီး အရာရှိ(မြို့ပြ) ဦးဇော်မင်းထွဋ် က ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများကို ရေရှည်တည်တံ့ ခိုင်မြဲအောင် သက်ဆိုင်သူ အားလုံးက ဝိုင်းဝန်းထိမ်းသိန်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာနှစ်၌ ချောက်မြို့နယ် ညောင်နီကျင်း-ကျောက်တန်း-ညောင်ပင်သာ ကျေးရွာချင်းဆက်လမ်း အရှည် ၁ မိုင် ၊ အကျယ် ၁၈ ပေ၊ ထု ၆ လက်မ မြေနီခင်းခြင်းလုပ်ငန်းကို ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန အင်ဂျင်နီယာ ဝန်ထမ်းများ က ယခုနှစ် ဇန်နဝါရီ လ တတိယပတ်က စတင် ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် လုပ်ငန်းများ အားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်သည့်အတွက် လမ်းဘေးတစ်လျှောက်ရှိ ညောင်နီကျင်း၊ကျောက်တန်း ၊ ညောင်ပင်သာ ကျေးရွာတို့ရှိ အိမ်ခြေ ၅၀၀ အိမ်နှင့် လူဦးရေ ၁၆၀၀ ဦးတို့အတွက် လူမှုရေး၊ပညာရေး၊ကျန်းမာရေး၊ ကူးသန်းသွားလာရေးတို့အတွက် အဆင်ပြေနေပြီ ဖြစ်ကြောင်း ချောက်မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ(မြို့ပြ) ဦးဇော်မင်းထွဋ် ထံမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်