Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ


04 Jul,2022

တောင်ကြီး၊ ဇူလိုင်

နှစ် ၁၀၀ ပြည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ဇွန်လစတုတ္ထပတ်က သမဝါယမ စာရင်း‌ရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(တောင်ကြီး)တွင် ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားသို့  ရှမ်းပြည်နယ်သမဝါယမဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်(တောင်ပိုင်း/အရှေ့ပိုင်း)သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌနှင့်အမှုဆောင်များ၊  ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးထွန်းဇော်ဦးက ဟောပြောပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပရခြင်းအကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ရှမ်းပြည်နယ်(တောင်ပိုင်း/အရှေ့ပိုင်း) သမဝါယမအသင်းစုချုပ် ဥက္ကဋ္ဌဦးကျော်မြခိုင်က သမဝါယမအကြောင်းသိကောင်းစရာများ ဟောပြောခဲ့ပြီး ကျောင်းသား/ ကျောင်းသူများမှ ယိမ်းအကများ၊ တေးသရုပ်ဖော်များဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm