Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ဟားခါးမြို့၌ ဝန်ထမ်းများနှင့် တွေ့ဆုံ


22 Feb,2024

နေပြည်တော် ဖေဖော်ဝါရီ ၂၁

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းက ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ဝန်ကြီးဌာနအောက် ဦးစီးဌာန (၄) ခုမှ ဝန်ထမ်းများအား အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံကာ တစ်ဦးချင်းအခက်အခဲများကို မေးမြန်း၍ လိုအပ် သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

          ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် ဝန်ထမ်းများအနေဖြင့် လုံခြုံရေးသတိဖြင့် သွားလာ နေထိုင်ကြရန်၊ မိမိတို့တန်ဖိုးထားသော ဝန်ထမ်းဘဝမြင့်မားရေးအတွက် အခွင့်အလမ်းများ ရှာဖွေကြိုးစားကြရန်၊ အထက်အောက်အပြန်အလှန်လေးစားမှု၊ ကူညီရိုင်းပင်းမှုတို့ဖြင့် ဌာနတွင်း စည်းလုံးညီညွတ်မှုကို တည်ဆောက်ကြရန် မှာကြားပြီး ဦးစီးဌာနအလိုက် ဝန်ထမ်းများ၏ တင်ပြ ချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm