Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပုသိမ်မြို့နယ် ရွှေမြင်တင်ကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းပြီးစီးမှု စစ်ဆေး


22 Feb,2024

ပုသိမ် ဖေဖော်ဝါရီ ၂၁

            ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ပုသိမ်မြို့နယ် ရွှေမြင်တင်ကျေးရွာ၌ သီရိဝဏ္ဏစေတီမုခ်ဦးမှ ဘိုးဘွားရိပ်သာမုခ်ဦးထိ အဝင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ဖေဖော်ဝါရီ ၂ဝ ရက်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

           ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပုသိမ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ (မြို့ပြ) ဦးစဟိန်းလင်းဇော်၊ မြို့နယ်အဆင့် လုပ်ငန်းအရည်အသွေးနှင့် လုပ်ငန်းပြီးစီးမှု စစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူများက ပုသိမ်မြို့နယ် ရွှေမြင်တင်ကျေးရွာ၌ သီရိဝဏ္ဏစေတီမုခ်ဦးမှ ဘိုးဘွားရိပ်သာမုခ်ဦးထိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို လိုက်လံရှင်းလင်းပြသရာ ဦးစီးအရာရှိ (မြို့ပြ)က လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

            ပုသိမ်မြို့နယ် ရွှေမြင်တင်ကျေးရွာ၌ အရှည် ၁ ဒသမ၅၃ ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် ခုနစ်လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီးငွေလုံး ငွေရင်းရန်ပုံငွေကျပ် ၆၀ ဒသမ ၂၈၂ သန်းဖြင့် စည်သူကျော်ကုမ္ပဏီက ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၆ ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း ပုသိမ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ (မြို့ပြ) ဦးစဟိန်းလင်းဇော်ထံမှ သိရသည်။

ကျော်ဇောဦး(မောရှမ်းမြေ)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm