မကွေး ဖေဖော်ဝါရီ ၂၀
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေရရှိရေးအတွက် ရေငံကျေးရွာ၌ မြေအောက်ရေတားတမံနှင့် ကွန်ကရစ်ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းဇော်ဟန် နှင့် အင်ဂျင်နီယာဝန်ထမ်းများသည် ရေငံကျေးရွာသောက်သုံးရေရရှိရေးကော်မတီဝင်များနှင့်အတူ အလျား ၄၀ ပေ အနံ ၂ ပေ အမြင့် ၅ ပေ ၆ လက်မရှိသော မြေအောက်ရေတားတမံနှင့် ၇ ပေအကျယ် အနက် ၁၂ ပေ ကွန်ကရစ် ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက ကျေးရွာရေရရှိရေးကော်မတီဝင်များနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခု ဘဏ္ဍားရေးနှစ် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေကျပ် ၈ ဒသမ သုည ၂ သန်းအသုံးပြု၍ ရေငံကျေးရွာ၌ မြေအောက်ရေတားတမံနှင့် ကွန်ကရစ်ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်းကို ဌာနမှ အင်ဂျင်နီယာစုဖွဲ့မှုဖြင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်၍ အဆိုပါကျေးရွာရှိ အိမ်ခြေ ၁၆၆ အိမ်၊ လူ ၆၅၂ ဦး နှင့် ကျွဲ နွား တိရစ္ဆာန်များအတွက် သန့်ရှင်းသောသောက်သုံးရေလုံလောက်စွာရရှိပြီး နွေရာသီကာလများတွင် ရေရှားပါးသည့် အခက်အခဲများကို ကုစားနိုင်မည်ဖြစ်ကြောင်း မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်