မိုးကောင်း ဖေဖော်ဝါရီ ၂၀
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ကုန်းတန်းကြီးကျေးရွာ ဘောဂသိဒ္ဓိလယ်ယာနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းပိုင်လယ်ဧက ၁၀ ဧကတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မှ မတည်ထောက်ပံ့ငွေ ရယူ၍ ဆီထွက်သီးနှံစိုက်ပျိုးထားရှိရာ နေကြာ ၇ ဧက၊ မြေပဲ ၃ ဧက စိုက်ပျိုးထားရှိမှုကို မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
မိုးကောင်းမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ ရယူထားသည့် သမဝါယမအသင်း ၉ သင်းရှိ သမဝါယမအသင်းသားတောင်သူ ၅၅၅ ဦး၏ စိုက်ဧက ၁၅၃၆ ဧကတွင် ဆောင်းသီးနှံသီးထပ်အဖြစ် နှမ်း ၇ ဧက၊ နေကြာ ၆၆၉ ဧက၊ မြေပဲ ၈၆၀ ဧက စိုက်ပျိုးထားရှိပြီး အဆိုပါဆီထွက်သီးနှံများကို ဧပြီလကုန်တွင် ရိတ်သိမ်းနိုင်မည် ဖြစ်ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်