Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တိုက်ကြီးမြို့နယ်၌ဆောင်ရွက်လျက်ရှိသောရေရရှိရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်း


20 Feb,2024

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၏ ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ်အတွင်း တောင်ဘို့လှကျေးရွာအုပ်စု၊ စိုင်ခေါင်းကျေးရွာ၌ ပြည်ထောင်စုခွင့်ပြုငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ရေရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ဖေဖော်ဝါရီလ ၁၄ ရက်က တိုက်ကြီးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်လဲ့လဲ့မွန်နှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တိုက်ကြီးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်လဲ့လဲ့မွန်နှင့် တာဝန်ရှိသူများက စိုင်ခေါင်းကျေးရွာ ရေရရှိရေးကော်မတီဝင်များနှင့်အတူ  ရေရရှိရေးလုပ်ငန်းဖြစ်သည့် တွင်းနက်တူးဖော်ခြင်းလုပ်ငန်း အကျယ် ၄.၅ လက်မ၊ အနက် ပေ ၃၀၀ အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်း အလျား ၁၂ ပေ၊ အနံ ၆ ပေ၊ အမြင့် ၅ ပေ နှင့် ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်း အလျား ၅ ပေ၊ အနံ ၅ ပေ၊ အမြင့် ၇ ပေကို  ဖိုးရွှေလကုမ္ပဏီ က ပြည်ထောင်စုခွင့်ပြုငွေ ငွေကျပ် (၁၃.၇၆၅)သန်းဖြင့်  ၂၀၂၃ခုနှစ် ဇွန်လ ပထမပတ်မှစတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၉၀% ခန့်ပြီးစီးပြီဖြစ်၍ သတ်မှတ်စံချိန်စံညွှန်းပြည့်မှီရေး ဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာကော်မတီဝင်များကိုလည်း လုပ်ငန်းများ ရေရှည်တည်တံ့ကောင်းမွန် စေရေး ဝိုင်းဝန်းထိန်းသိမ်းကြရန် ပြောကြားသည်။

အဆိုပါ ရေပေးရေးလုပ်ငန်းများ  ဆောင်ရွက်ပြီးစီးပါက စိုင်ခေါင်းကျေးရွာရှိ အိမ်ခြေ(၅၇)အိမ်၊ လူဦးရေ(၂၃၉)ဦးတို့အတွက် အကျိုးပြုမည်ဖြစ်ကြောင်းသိရပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm