Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သရက်မြို့နယ် ကျေးရွာသုံးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု စစ်ဆေး


20 Feb,2024

သရက် ဖေဖော်ဝါရီ ၂၀

          မကွေးတိုင်းဒေသကြီး သရက်ခရိုင် သရက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ဖြင့် ကျေးရွာသုံး ရွာတွင် ထပ်တိုး ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ  ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ဖေဖော်ဝါရီ ၁၉ ရက်နေ့ နံနက်ပိုင်း က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သရက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်း  နှင့် မြို့နယ် တာဝန်ခံ အင်ဂျင်နီယာများက ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့်အတူ ဘော်‌(တောင်)ကျေးရွာ ၊ဘော်(မြောက်)ကျေးရွာနှင့် ပိဿလိမ်း ကျေးရွာတို့၌ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းနှင့် ကျောက်ကြီးစီ မြေကာနံရံတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှု  အခြေအနေများ ကို  ကြည့်ရှုစစ်ဆေးပြီး သရက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်းက ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများကို ရေရှည်တည်တံ့ခိုင်မြဲအောင် သက်ဆိုင်သူ အားလုံးမှ ဝိုင်းဝန်း ထိန်းသိမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း မှာကြားပြီး  လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်‌ ပေးခဲ့ကြောင်း သိရသည်။

         အဆိုပါဘော်‌(တောင်)ကျေးရွာ ၊ဘော်(မြောက်)ကျေးရွာ တို့၌ ကျေးရွာတွင်းလမ်း အရှည် ပေ ၇၀၀ ၊ အကျယ် ၁၂ ပေ၊ အမြင့် ခြောက်လက်မစီရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို VDP စီမံကိန်း ပံ့ပိုးငွေကျပ် သိန်း ၁၅၀ ၊ပြည်သူထည့်ဝင်ငွေ  ၁၃ သိန်း ၊စုစုပေါင်း ၁၆၃ သိန်းစီနှင့်  ပိဿလိမ်း ကျေးရွာ၌  အလျား ပေ ၁၁၀  ၊ အနံ ၇ ပေ၊ အမြင့် ကိုးပေ ကျောက်ကြီးစီမြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းကို  VDP စီမံကိန်း ပံ့ပိုးငွေကျပ် သိန်း ၁၅၀ ၊ပြည်သူထည့်ဝင်ငွေ  ၃၀ သိန်း ၊စုစုပေါင်း ၁၈၀ သိန်း အသုံးပြုကာ  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန် ထမ်းများ က  နည်းပညာ ပံ့ပိုး၍ ကျေးရွာသူ၊ကျေးရွာသားများကိုယ်တိုင်  ယခုနှစ် ဇန်နဝါရီ ပထမပတ်က စတင် ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သရက်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်း ထံမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm