ချမ်းမြသာစည် ဖေဖော်ဝါရီ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ချိုသာထွန်းငွေစုငွေချေးသမဝါယမ အသင်း၏ အသင်းစုသစ်ဖွဲ့စည်းခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ နံနက် ၁၀ နာရီက အကွက်(၅၀၃) အောင်မင်္ဂလာ၊ ကျွန်းလုံးဥသျှောင်ရပ်ကွက် သမဝါယမအသင်းစုရုံးအစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အသင်းစုသစ်ဖွဲ့စည်းခြင်းအခမ်းအနားတွင် သဘာပတိ မြို့နယ်သမဝါယမဦးစီး ဌာန ဦးစီးအရာရှိ ဒေါ်ဖြူသဲနွယ်က သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း များကို ရှင်းလင်းပြောကြားပြီးနောက် အသင်းအသစ်ဖွဲ့စည်းသည့် ချိုသာထွန်းငွေစုငွေချေး သမဝါယမအသင်း၏ အမှုဆောင်ဒါရိုက်တာအဖွဲ့နှင့် အသင်းစာရင်းစစ်အမည်စာရင်းတို့ကို အသင်းသားတစ်ဦးက အဆိုပြုတင်သွင်း၍ အသင်းသားနှစ်ဦးက ထောက်ခံတင်ပြခဲ့ကြသည်။ ဆက်လက်ပြီး အဆိုပြုတင်သွင်းထောက်ခံခြင်းအပေါ် သဘာပတိမှ အသင်းသားများ၏ သဘောထားရယူ၍ အတည်ပြုခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး ရွေးချယ်ထားသော ဒါရိုက်တာအဖွဲ့နှင့် အသင်းစာရင်းစစ်တို့က သဘာပတိရှေ့မှောက်တွင် ကတိသစ္စာခံယူခဲ့ကြပြီး နောက် အသင်းဥက္ကဋ္ဌအသစ်မှ မိတ်ဆက်စကားပြောကြားခဲ့သည်။
ထို့နောက် သဘာပတိက နိဂုံးချုပ်အမှာစကား ပြောကြားကာအသင်းစုအသစ်ဖွဲ့စည်းခြင်း အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်းနှင့် အခမ်းအနားသို့ မြို့နယ်သမဝါယမ ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူသဲနွယ်နှင့်၀န်ထမ်းများ၊ ချိုသာထွန်းငွေစုငွေချေးသမဝါယမအသင်း ၏ အမှုဆောင်ဒါရိုက်တာအဖွဲ့နှင့် အသင်းသားများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချမ်းမြေ့
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်