လှိုင်းဘွဲ ဖေဖော်ဝါရီ ၁၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန က ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ကဒီကံ ကျေးရွာအုပ်စု၊ ကဒီကံကျေးရွာ၌ ကျောင်းစာကြည့်တိုက်တည်ဆောက်ခြင်းနှင့် ရေသန့်စင်စနစ် တပ်ဆင်ခြင်းလုပ်ငန်း ပြီးစီးမှုကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးစောကျော်နိုင်ထွန်းနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းက ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့်အတူ ကဒီကံကျေးရွာ၌ ကျောင်းစာကြည့်တိုက်တည်ဆောက်ခြင်းနှင့် ရေသန့် စင် စနစ် တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ် ဦးစီးမှူးက ဆောင်ရွက်ပြီး လုပ်ငန်းများ ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းကြရန် မှာကြား သည်။
ကဒီကံကျေးရွာ၌ အလျားပေ ၃၀၊ အနံ ၁၅ပေ၊ အမြင့် ၁၂ပေရှိ ကျောင်းစာကြည့်တိုက် တည် ဆောက်ခြင်းနှင့် ရေသန့်စင်စနစ် တပ်ဆင်ခြင်းလုပ်ငန်းများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ပံ့ပိုးရန်ပုံငွေ ကျပ်သိန်း ၁၅၀၊ ပြည်သူလူထု ထည့်ဝင်ငွေကျပ်သိန်း ၃၀ ၊ စုစုပေါင်း ငွေကျပ်သိန်း ၁၈၀ ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဝန်ထမ်းများ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာပြည်သူလူထု ကိုယ်တိုင် ၂၀၂၃ခုနှစ် မေလ စတုတ္ထပတ်က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်း ပြည့် ပြီးစီးပြီဖြစ်သဖြင့် ကဒီကံကျေးရွာရှိ အိမ်ခြေ ၂၄၈ အိမ်၊ လူဦးရေ ၁၂၅၀ဦးတို့အတွက် များစွာ အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်