Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အသေးစား စားသောက်ကုန်လုပ်ငန်းများနှင့် စားသုံးဆီအရည်အသွေးစိစစ်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


04 Jul,2022

နေပြည်တော်၊ ဇူလိုင် ၄

          အသေးစား စားသောက်ကုန်လုပ်ငန်းများနှင့် စားသုံးဆီအရည်အသွေးစိစစ်ခြင်းဆိုင်ရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အစည်းအဝးခန်းမ၌ ကျင်းပသည်။

          အစည်းအဝေးသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်ချစ်၊ ညွှန်ကြားရေးမှူး နှင့် ဆက်စပ်ဌာနများမှ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

          အခမ်းအနားတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုး က အမှာစကားပြောကြားရာတွင် မိမိတို့ ဦးစီးဌာနအနေဖြင့် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်ရာတွင် ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းပြီး စံချိန်စံညွှန်းမီစေရန်အတွက် ဌာန၏ ဓာတ်ခွဲခန်းတွင် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို ဓာတ်ခွဲစမ်းသပ် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများကို နည်းပညာများပံ့ပိုးပေးနိုင်ရေးအတွက် သုတေသနလုပ်ငန်းများကိုလည်း ယနေ့အထိ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသားအဆင့် စားသောက်ကုန်စံချိန်စံညွှန်းရေးဆွဲရေး လုပ်ငန်းများတွင် မိတ်ဖက်အဖွဲအစည်းများနှင့် အတူတကွ ပူးပေါင်းပါဝင် ဆောင်ရွက်နေသလို အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နှင့်မြို့ပြရှိ ပြည်သူလူထုဝင်ငွေတိုးပွားရေး၊ လူနေမှုအဆင့်အတန်းမြင့်မားရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်လည်း လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

          ထို့နောက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်ချစ်၊ ညွှန်ကြားရေးမှူး ဒေါက်တာပြည့်ဖြိုးနှင့် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်ဇံတို့က အသီးသီးဆွေးနွေးတင်ပြကြပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များနှင့်အကြံပြချက်များကို ဆွေးနွေးတင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm