Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

GIS တာဝန်ခံများ စွမ်းဆောင်ရည်မြင့်မားရေး (၁/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ


20 Feb,2024

နေပြည်တော် ဖေဖေါ်ဝါရီ ၁၉

     သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ GIS တာဝန်ခံများ စွမ်းဆောင်ရည်မြင့်မားရေး (၁/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို (၁၉-၂-၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင်  ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြား‌ရေးမှူးချုပ်များ၊ စစ်ဆေးရေးအရာရှိချုပ်၊ အင်ဂျင်နီယာချုပ်(မြို့ပြ)များ၊ ညွှန်ကြားရေးမှူးများ၊  တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းတက်ရောက်ကြမည့် သင်တန်းသား/သူ များ တက်ရောက်ကြသည်။ 

         ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်က သင်တန်းဖွင့်အမှာစကား ပြောကြားရာတွင် ယခုသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ GIS လုပ်ငန်းများစွမ်းဆောင်ရည် ပိုမိုမြင့်မား လာစေရန်အတွက်လည်းကောင်း၊ ဌာန၏မဟာဗျူဟာအပေါ် Review လုပ်နိုင်ရေးအတွက် လည်ကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် ဘဏ္ဍာရန်ပုံငွေများတွင် Arc GIS Online Account များဖြစ်သည့် Mobile Worker Account and  Editor Account တို့ကို ထည့်သွင်းလျားထား တောင်းခံခဲ့ပြီး ရရှိပါက လွယ်လွယ်ကူကူ စတင်အသုံးပြုနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ သို့မှသာ GIS နည်းပညာအသုံးပြု၍ အထောက်အကူရယူရမည့် ရုံးချုပ်၊ ဌာနခွဲ/အဖွဲ့များ၊ တိုင်းဒေသကြီး/ပြည်နယ်များအတွက် အလွယ်တကူအဆင်ပြေစွာ အသုံးချနိုင်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တိုင်းဒေသကြီး/ပြည်နယ်များမှ GIS လုပ်ငန်းများ တာဝန်ခံဆောင်ရွက်မည့် ဝန်ထမ်းများ အနေဖြင့် သင်ကြားပို့ချသည့်ကာလအတွင်း ကြိုးကြိုးစားစား မှတ်သားလေ့လာသင်ယူကြရန်နှင့် မိမိတာဝန် ထမ်းဆောင်ရာဒေသသို့ ပြန်လည်ရောက်ရှိပါက သင်တန်းမှ ပို့ချပေးလိုက်သည်များကို ဌာနအတွက် လက်တွေ့အကျိုးရှိစွာ အသုံးပြုဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားပြီး သင်တန်းတက်ရောက်ကြသည့် သင်တန်းသား/သူ တစ်ဦးချင်းမှ မိတ်ဆက်စကား ပြောကြားပြီးနောက် သင်တန်းဖွင့်ပွဲ အမှတ်တရမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

          အဆိုပါသင်တန်းကို (၁၉-၂-၂၀၂၄)ရက် နေ့မှ (၂၃-၂-၂၀၂၄)ရက်နေ့အထိ သင်ကြားပို့ချသွားမည် ဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ်များမှ ရုံးချုပ်တွင်လာရောက်တက်သည့်သင်တန်းသား/သူ (၁၇) ဦး နှင့် Online မှ တက်ရောက်သည့် သင်တန်းသား/သူ (၁၇)ဦး စုစုပေါင်း(၃၄)ဦး တက်ရောက်ကြမည် ဖြစ်ကြောင်း သိရှိရပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm