Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးရွာချင်းဆက်လမ်းပေါ်၌ ကျောက်စီကမ်းကပ်ခုံနှင့် သံကူကွန်ကရစ်ကြမ်းခင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး


19 Feb,2024

         မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်ရှိ ပုထိုးကျေးရွာနှင့် သရက်မြို့နယ် ပြရည်ကျေးရွာချင်းဆက်လမ်းပေါ်၌ ကျောက်စီကမ်းကပ်ခုံနှင့် သံကူကွန်ကရစ်ကြမ်းခင်း ၁၀ ပေ Box Culvert နှစ်စင်း နှင့် ၅ ပေ Box Culvert နှစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ယခုအခါရာနှုန်းပြည့် ပြီးစီးပြီဖြစ်သည်။

         အဆိုပါ Box Culvert လေးစင်းအား ကံမမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေကျပ် ၅၄ သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး Box Culvert များ တည်ဆောက်ပြီးစီးခဲ့သည့်အတွက် ယာဉ်များအဆင်ပြေချောမွေ့စွာ သွားလာနိုင်ပြီး ကျေးရွာ ၁၁ ရွာမှ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးကိစ္စရပ်များ ပိုမိုအဆင်ပြေလာမည်ဖြစ်ကြောင်း သိရသည်။

နိုင်ထွန်း


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်