အထက်မင်းလှ ဖေဖော်ဝါရီ ၁၇
မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်၌ ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရန် ကျေးရွာချင်းဆက်လမ်းများပေါ်ရှိ ရေကျော်များကို မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း အဆင့်မြှင့်တင်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ခလိုင်း- ရွာသာလှ(စစ္စနို့-ကန်တုတ်) လမ်းပေါ်ရှိ ရေကျော်အရှည်ပေ ၁၅၀ ကို လည်းကောင်း၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆင်မတောင်-ညောင်ဝိုင်း လမ်းပေါ်ရှိ ရေကျော်အရှည်ပေ ၂၀၀ ကိုလည်းကောင်း ဆောင်ရွက်ရန် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒီဇိုင်းပုံထုတ်ဌာနခွဲမှ တာဝန်ရှိသူများက ကွင်းဆင်းတိုင်းတာပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်းများပေါ်ရှိ ရေကျော်များကို အဆင့်မြှင့်တင် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေးအပါအဝင် ပညာရေး၊ ကျန်းမာရေးကဏ္ဍများ ပိုမို အဆင်ပြေချောမွေ့လာပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
ဇာဇာ (အထက်မင်းလှ)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်