လှိုင်းဘွဲ ဖေဖော်ဝါရီ ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန က ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် တာပေါင် ကျေးရွာအုပ်စု၊ ကော့ပေါကျေးရွာ၌ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ပြီးစီးမှုကို ဖေဖော်ဝါရီ ၁၅ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောကျော်နိုင်ထွန်းနှင့် အင်ဂျင်နီယာဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့်အတူ ကော့ပေါကျေးရွာ၌ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက ဆောင်ရွက်ပြီး လုပ်ငန်းများ ရေရှည်တည်တံ့ ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းကြရန် မှာကြားသည်။
ကော့ပေါကျေးရွာ၌ အရှည်ပေ ၄၈၀၊ အကျယ် ၁၂ပေ၊ အမြင့် ခြောက်လက်မရှိ ကျေးရွာ တွင်း ကွန်ကရစ်လမ်းခင်းခြင်းနှင့် ရေသန့်စင်စနစ် ဆောင်ရွက်ခြင်းလုပ်ငန်းများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ပံ့ပိုးရန်ပုံငွေ ကျပ်သိန်း ၁၅၀၊ ပြည်သူလူထု ထည့်ဝင်ငွေကျပ် ၁၀သိန်း ၊ စုစုပေါင်း ငွေကျပ်သိန်း ၁၆၀ ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏ နဉ်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာပြည်သူ လူထုကိုယ်တိုင် ၂၀၂၃ခုနှစ် အောက်တိုဘာ တတိယပတ်က စတင်အကောင်အထည်ဖော် ဆောင် ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းပြီးစီးသဖြင့် ကော့ပေါကျေးရွာရှိ အိမ်ခြေ ၅၆အိမ်၊ လူဦးရေ ၁၂၀ဦးတို့မှာ ယခင်ကထက် လမ်းပမ်းဆက်သွယ်ရေး ပိုမို အဆင်ပြေချောမွေ့တော့မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးစောကျော်နိုင်ထွန်း ထံမှ သိရ သည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်