ဖေဖော်ဝါရီ ၁၆
(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သည့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဝန်ထမ်းမိသားစုများ၏ ဒုတိယအကြိမ် မြန်မာ့ရိုးရာထမင်းနဲထိုးပြိုင်ပွဲကျင်းပ ပြုလုပ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်မှ အဖွင့်အမှာစကားပြောပြီး ဦးစီးဌာန(ရုံးချုပ်)ဌာနများအပါအဝင် ပြည်ထောင် စုနယ်မြေ နေပြည်တော် ကိုယ်စားပြုအသင်း(၅)သင်း၏ ပျော်ရွှင်စွာယှဉ်ပြိုင်နေမှုများ ကို ကြည့်ရှု အားပေးခဲ့သည်။
ယင်းနောက် ထမင်းနဲထိုးပြိုင်ပွဲတွင် ဆုရရှိကြသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် ဌာနကိုယ်စားပြု အသင်းများအား ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ဂုဏ်ပြုဆုများ ချီးမြှင့်ပေး အပ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများ ပြိုင်ပွဲဝင်ဦးစီးဌာနအသင်းများနှင့် အရာထမ်းအမှုထမ်းများ စုံညီစွာ တက်ရောက်ခဲ့ကြပြီး ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်