Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပွင့်ဖြူမြို့နယ် ထူးကျေးရွာ ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု ကွင်းဆင်း စစ်ဆေး


16 Feb,2024

ပွင့်ဖြူ ဖေဖော်ဝါရီ ၁၆

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်၊ထွက်ကုန်များ ရာသီမရွေးဈေးကွက်သို့ အလွယ်တကူ သယ်ယူပို့ဆောင်နိုင်ရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာနှစ်တွင် ပေတောနှင့်သရက်တောကွင်း၊ ထူး ကျေးရွာ  ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးမှု အခြေ အနေများကို ဖေဖော်ဝါရီ ၁၅ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။          

                ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်း၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် နှင့် တာဝန်ခံအင်ဂျင်နီယာတို့က ကျေးရွာလမ်းကော်မတီဝင်များ နှင့်အတူ  ပေတောနှင့်သရက်တောကွင်း၊ ထူး ကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးပြီး  မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်းက   ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများကို ရေရှည်တည်တံ့ခိုင်မြဲအောင် သက်ဆိုင်သူ အားလုံးမှ ဝိုင်းဝန်း ထိန်းသိမ်းဆောင်ရွက်ကြရန်  မှာကြားပြီး  လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်‌ ပေးခဲ့ကြောင်း သိရသည်။  

                ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ ပွင့်ဖြူမြို့နယ်အတွင်း ပေတောနှင့်သရက်တောကွင်း၊ ထူးကျေးရွာ၌  အရှည် ၁ မိုင် ၇ ဒသမ ၉ ဖာလုံ၊ အကျယ် ၁၀ ပေ၊ အမြင့် တစ်ပေ ခြောက်လက်မရှိ ကျောက်ရောမြေနှင့် မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း ၊  Pive culvert သုံးစင်း  တည်ဆောက်ခြင်း လုပ်ငန်းကို တိုင်းဒေသကြီးခွင့်ပြု ရန်ပုံငွေကျပ် ၇၃ ဒသမ ၁၅ သန်းဖြင့် Shwe Group ကုမ္ပဏီ က ၂၀၂၃ နှစ် ဇွန်လ  ၁၈ ရက်နေ့မှ စတင်၍  တာဝန်ယူ‌ ဆောင်ရွက်ခဲ့ရာ  ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်  ဆောင်ရွက်ပြီးစီးနေပြီးဖြစ်ပါကြောင်း မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်း  ပြောပြ၍   သိရသည်။   


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm