Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘားအံမြို့နယ်သမဝါယမအသင်းစု(လီမိတက်)၏ အမှုဆောင်အဖွဲ့အသစ် ပြန်လည်ရွေးချယ်တင်မြှောက်ပွဲကျင်းပ


16 Feb,2024

ဘားအံ ဖေဖော်ဝါရီ ၁၆

          ကရင်ပြည်နယ်၊ ဘားအံမြို့နယ်သမဝါယမအသင်းစု(လီမိတက်)၏ အမှုဆောင်အဖွဲ့အသစ် ပြန်လည်ရွေးချယ်တင်မြှောက်ပွဲကို ပြည်နယ်သမဝါယမဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ အသင်းဝင်ကိုယ်စားလှယ် ၅၀ ဦး တက်ရောက်ခဲ့ပြီး သဘာပတိက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

          ဆက်လက်ပြီး အမှုဆောင်သစ်ရွေးချယ်ရာတွင် အသင်း၏ ဒါရိုက်တာအဖွဲ့ဝင်များ ရွေးချယ် ခြင်းနှင့် အတည်ပြုချက်ရယူခြင်း၊ ဒါရိုက်တာအဖွဲ့ဝင်များ၏ တာဝန်သတ်မှတ်ခြင်းနှင့် အတည် ပြုချက်ရယူခြင်း၊ အထက်အဆင့်သမဝါယမအသင်းသို့ စေလွှတ်မည့်ကိုယ်စားလှယ်အမည်စာရင်း ရွေးချယ်ခြင်းနှင့် အတည်ပြုချက်ရယူခြင်းများ ဆောင်ရွက်ခဲ့သည်။ ထို့နောက် ရွေးချယ်ခံရသည့် ဒါရိုက်တာအဖွဲ့ဝင်များသည် ဖွဲ့စည်းရေးကော်မတီအဖွဲ့ဝင်များ ရှေ့မှောက်တွင် ကတိသစ္စာခံယူ ခြင်းများဆောင်ရွက်ပြီး ရွေးချယ်ခံရသည့် ဥက္ကဋ္ဌအသစ်က မိတ်ဆက်အမှာစကားပြောကြားခဲ့ ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်