နတ်မောက် ဖေဖော်ဝါရီ ၁၅
မကွေးတိုင်းဒေသကြီး မကွေးခရိုင် နတ်မောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက နတ်မောက်-ပျော်ဘွယ် ကားလမ်းမကြီးမှ ဇလုပ်ကြီးကျေးရွာအဝင်လမ်း ကျောက်ရောမြေခင်းခြင်းလုပ်ငန်း ပြီးစီးမှုကို ဖေဖော်ဝါရီ ၁၄ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် နတ်မောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ-၃ (မြို့ပြ) ဒေါ်ရွှေစင်ဝင်းသူနှင့် တာဝန်ခံအင်ဂျင်နီယာများက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အတူ နတ်မောက်-ပျော်ဘွယ် ကားလမ်းမကြီးမှ ဇလုပ်ကြီးကျေးရွာအဝင်လမ်း ကျောက်ရောမြေခင်းခြင်းလုပ်ငန်း ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး အငယ်တန်းအင်ဂျင်နီယာ-၃ (မြို့ပြ) ဒေါ်ရွှေစင်ဝင်းသူက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
နတ်မောက်-ပျော်ဘွယ် ကားလမ်းမကြီးမှ ဇလုပ်ကြီးကျေးရွာအဝင်လမ်း အရှည် သုံးမိုင် တစ်ဖာလုံ၊ အကျယ် ၁၈ ပေ၊ အမြင့် ရှစ်လက်မ ကျောက်ရောမြေခင်းခြင်းလုပ်ငန်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၁၀၅ ဒသမ ၂၂ သန်းဖြင့် Magway S Three ကုမ္ပဏီမှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများ ပြီးစီးမှုကြောင့် ကျေးရွာရှိ အိမ်ခြေ ၁၄၃ အိမ်၊ လူဦးရေ ၇၄၃ ဦးတို့အတွက် ရာသီမရွေး လမ်းပန်းဆက်သွယ်ရေးအဆင်ပြေနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကျော်ဦး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်