ငဖဲ ဖေဖော်ဝါရီ ၁၄
မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက စပ်စီ-ဝက်စာကျင်း ကျေးရွာချင်းဆက်လမ်းပေါ်တွင် Box Culvert တစ်စင်းတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဖေဖော်ဝါရီ ၁၃ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ငဖဲမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ခိုင်မာသန်းနှင့် တာဝန်ခံအင်ဂျင်နီယာများက ကျေးရွာကော်မတီဝင်များနှင့်အတူ စပ်စီ-ဝက်စာကျင်း ကျေးရွာချင်းဆက်လမ်းပေါ်တွင် Box Culvert တစ်စင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေ များကို ကြည့်ရှုစစ်ဆေးပြီး ငဖဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ခိုင်မာသန်းက ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရေရှည်တည်တံ့ ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းကြရန် မှာကြားသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ ငဖဲမြို့နယ် စပ်စီ-ဝက်စာကျင်း ကျေးရွာချင်းဆက် လမ်းပေါ်တွင် အလျား ၂၄ ပေ၊ အကျယ် ၁၀ ပေ၊ အမြင့် ရှစ်ပေ Box Culvert တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းကို တိုင်းဒေသကြီး ပြင်ဆင်ထိန်းသိမ်းရေး ခွင့်ပြုရန်ပုံငွေကျပ် ၁၈ သန်းဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာဝန်ထမ်းများက ဇန်နဝါရီ ၁၄ ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများရာနှုန်းပြည့်ပြီးစီးပြီဖြစ် ကြောင်း၊ အဆိုပါလုပ်ငန်းများပြီးစီးပြီဖြစ် ၍ လမ်းတစ်လျှောက်ရှိ ကျေးရွာ သုံးရွာ၊ အိမ်ခြေ ၁၃၉ အိမ်နှင့် လူ ၆၇၃ ဦးတို့၏ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးအတွက် ရာသီမရွေးသွားလာရအဆင်ပြေနေပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်မာသန်းထံမှ သိရသည်။
ဇင်မာ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်