အောင်လံ ဖေဖော်ဝါရီ ၁၄
မကွေးတိုင်းဒေသကြီး အောင်လံခရိုင် အောင်လံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အောင်လံ-ပြည် ကားလမ်းမကြီးမှ မင်းကန်ကျေးရွာအဝင်လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေကို ဖေဖော်ဝါရီလ ၁၄ ရက်တွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အောင်လံမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဗိုလ်မင်းနှင့် ဌာနအရည်အသွေးစစ်ဆေးရေးအဖွဲ့တို့က အောင်လံမြို့နယ် မင်းကန်ကျေးရွာအဝင်လမ်းအဆင့်မြှင့်တင်ခြင်းဖြစ်သည့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
အဆိုပါအောင်လံ-ပြည်ကားလမ်းမကြီးမှ မင်းကန်ကျေးရွာအဝင်လမ်း အရှည် ၁ မိုင်၊ လမ်းအကျယ် ၁၂ ပေ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို ပြည်ထောင်စုခွင့်ပြုငွေ ငွေကျပ် ၁၇၉ ဒသမ ၉၅ သန်းဖြင့် နီလာဧရာကုမ္ပဏီက ၂၀၂၃ ခုနှစ် ဩဂုတ်လ ဒုတိယပတ်မှ စတင်ကာ လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ကိုလှိုင်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်