တောင်ကြီး ဖေဖော်ဝါရီလ ၁၅
ရှမ်းပြည်နယ်သမဝါယမလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်သည် တောင်ကြီးမြို့နယ်၊ ရေပူကျေးရွာရှိ ရှမ်းပြည်နယ် တောင်ပိုင်း/အရှေ့ပိုင်းသမဝါယမအသင်းစုချုပ်ပိုင် စိုက်ပျိုးရေးခြံတွင် ဆီနေကြာစိုက်ပျိုးထားရှိမှု၊ စိန်တလုံးသရက်ပင်များစိုက်ပျိုးထားရှိမှု၊ စပျစ်စိုက်ပျိုးထားရှိမှုများနှင့် ကော်ဖီစိုက်ပျိုးထားရှိမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုခဲ့ရာ သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့သည်။
ဆက်လက်၍ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ ရှမ်းပြည်နယ်တောင်ပိုင်း/ အရှေ့ပိုင်းသမဝါယမအသင်းစုချုပ်ပိုင် သမဝါယမဆေးရုံအား ကွင်းဆင်းကြည့်ရှု၍ ဆေးရုံ ပြန်လည်ဖွင့်လှစ်နိုင်ရေး အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားရန် အမြန်ဆအသင်းအမှုဆောင်များအား မှာကြားခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်