Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စေတုတ္တရာမြို့နယ် ကျောက်ဖူးကျေးရွာ၌ ကျေးလက်လမ်းဖောက်လုပ်နေမှု စစ်ဆေး


13 Feb,2024

စေတုတ္တရာ ဖေဖော်ဝါရီ ၉

            မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စေတုတ္တရာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကျောက်ဖူးကျေးရွာ၌ ကျေးလက်လမ်းဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စေတုတ္တရာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးယုလွင်နှင့် အင်ဂျင်နီယာဝန်ထမ်းများက ကျေးရွာကော်မတီဝင်များနှင့်အတူ ကျောက်ဖူးကျေးရွာ၌ ကျေးလက်လမ်းဖောက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက ကျေးရွာကော်မတီဝင်များ၊ တင်ဒါရကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

             စေတုတ္တရာမြို့နယ် ကျောက်ဖူး ကျေးရွာ၌ အရှည် တစ်မိုင် ငါး ဖာလုံ၊ အကျယ် ၁၈ ပေ၊ အမြင့် ကိုးလက်မရှိ ကျေးလက်လမ်း မြေနီခင်းခြင်းလုပ်ငန်းနှင့် အဆိုပါလမ်းပေါ်၌ အရှည် ငါး ပေ၊ အကျယ် ၂၄ ပေ၊ အမြင့် ငါး ပေရှိ Box Culvert တစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းများကို တိုင်းဒေသကြီး ရန်ပုံငွေကျပ် ၆၃ ဒသမ ၈ သန်းဖြင့် U-42 ကုမ္ပဏီကတာဝန်ယူ၍ ၂၀၂၃ ခုနှစ် ဩဂုတ် ၁၄ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၉၅ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက ကျောက်ဖူးကျေးရွာရှိ အိမ်ခြေ ၄၅ အိမ်မှ လူဦးရေ ၂၀၀ တို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဘာသာရေးကိစ္စရပ်များအတွက် သွားလာမှုလွယ်ကူစေမည်ဖြစ်ကြောင်း စေတုတ္တရာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးယုလွင်က ပြောပြ၍ သိရသည်။

ကိုညို


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm