Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သံတောင်ကြီးမြို့နယ် မစ(အလယ်)ကျေးရွာအဝင်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု စစ်ဆေး


14 Feb,2024

သံတောင်ကြီး   ဖေဖော်ဝါရီ     ၁၄

ကရင်ပြည်နယ်၊ သံတောင်ကြီးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် ကရင်ပြည်နယ်အစိုးရရန်ပုံငွေဖြင့် သံတောင်ကြီးမြို့နယ်၊ မစ(အလယ်)ကျေးရွာအဝင်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်‌နေမှုကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သံတောင်ကြီးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တခရိုင်ဦးစီးမှူး ဦးနိုင်မင်းဆွေ၊ သံတောင်ကြီးမြို့နယ်ဦးစီးမှူး ဦးဇော်မင်းဦး နှင့် တာဝန်ရှိသူများသည် ကျေးရွာအဝင်လမ်းဖြစ်မြောက်ရေးကော်မတီဝင်များနှင့်အတူ မစ(အလယ်)ကျေးရွာအဝင်လမ်းအရှည် တစ်မိုင် လမ်းအကျယ် ၁၂ ပေ လမ်းအမြင့် ၆ လက်မ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ခေတ္တခရိုင်ဦးစီးမှူးက တင်ဒါရကုမ္ပဏီတာဝန်ခံအား ကွန်ကရစ်လမ်းအား ဌာနမှသတ်မှတ်ထားသော စံနှုန်းများအတိုင်း ကွန်ကရစ်အချိုးအစားမှန်ကန်စွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ်တွင် ကရင်ပြည်နယ်အစိုးရရန်ပုံငွေကျပ် ၁၄၉ ဒသမ ၈၆၅ သန်းဖြင့် မစ(အလယ်)ကျေးရွာအဝင်လမ်း ကွန်ကရစ်ခင်းခြင်းနှကို Mega Dynamic ကုမ္ပဏီက တာဝန်ယူ၍ ၂၀၂၃ ခုနှစ် ဇွန်လ ၆ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ၅၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ပြီး ရာနှုန်းပြည့်ပြီးစီးပါက အဆိုပါကျေးရွာရှိ အိမ်ခြေ ၁၃၀ အိမ်၊ လူ ၅၅၅ ဦးနှင့် စိုက်ပျိုးရေး ဧက ၆၅၀ မှ ထွက်ရှိသော ဒေသထွက်ကုန်သီးနှံမျိုးစုံကို ရာသီမရွေးဈေးကွက်သို့ တင်ပို့ရောင်းချနိုင်မည်ဖြစ်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သံတောင်ကြီးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm