Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ချောက်မြို့နယ် တောင်သာမြောက်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းများ စစ်ဆေး


14 Feb,2024

ချောက်   ဖေဖော်ဝါရီ    ၁၄

          မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွား  လာပြီး ဆင်းရဲမှုလျော့ကျစေရန် ရည်ရွယ်၍ တောင်သာကျေးရွာအုပ်စု၊ တောင်သာမြောက်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ချောက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး  ဌာန ခရိုင်ဦးစီးမှူး  ဒေါ်မေသက်နိုင်၊ ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကြည်မြင့်နှင့် တာဝန်ရှိသူများက တောင်သာမြောက်ကျေးရွာ၌ မြစိမ်း ရောင် ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေဖြင့် ဆောင်ရွက်ထားသော စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများနှင့် လအလိုက်ဖြည့်သွင်းရမည့် ငွေစာရင်းပုံစံများ ပြည့်စုံမှု ရှိ/မရှိ ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက လိုအပ်သည်များ မှာကြားသည်။

          တောင်သာမြောက်ကျေးရွာတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က မြစိမ်းရောင်ကျေးရွာစီမံကိန်းကို အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်သိန်း ၃၀၀ ဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၁၆၁ ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ တစ်ဦး၊ စုစု ပေါင်း အသင်းသား၊ အသင်းသူ ၁၆၂ ဦးကို မြစိမ်းရောင်ကျေးရွာ စီမံကိန်းအရင်းမပျောက် လည်ပတ် ရန်ပုံငွေကျပ် ၅၅ ဒသမ ၉၅သန်းထိ ထုတ်ချေးပေးထားပြီး စီမံကိန်းလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်ဦးစီးမှူး ဒေါ်မေသက်နိုင်ထံမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm