Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရေနံချောင်းမြို့နယ် အလယ်ကန်-ဖောင်းကွဲကျေးရွာချင်းဆက်လမ်းတွင် ရေကျော်တံတားတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု စစ်ဆေး


14 Feb,2024

ရေနံချောင်း ဖေဖော်ဝါရီ ၁၃

        မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက အလယ်ကန်- ဖောင်းကွဲ ကျေးရွာချင်းဆက်လမ်းတွင် ရေကျော်တံတားတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရေနံချောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်နှင်းပုလဲထွေးနှင့် တာဝန်ရှိသူများက ရေနံချောင်းမြို့နယ် အလယ်ကန်-ဖောင်းကွဲ ကျေးရွာချင်းဆက်လမ်းပေါ်တွင် ကွန်ကရစ်ရေကျော်တံတား တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဦးစီးအရာရှိ(မြို့ပြ) ဒေါ်နှင်းပုလဲထွေးက လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။

        ရေနံချောင်းမြို့နယ် အလယ်ကန်-ဖောင်းကွဲ ကျေးရွာချင်းဆက်လမ်းပေါ်တွင် အရှည်ပေ ၁၅ဝ၊ အကျယ် ၁၈ ပေရှိ ကွန်ကရစ်ရေကျော်တံတား တည်ဆောက်ခြင်းလုပ်ငန်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်း ၃၀ ဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာများစုဖွဲ့၍ ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလ ပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းပြီးစီးမှုကြောင့် ကျေးရွာသုံးရွာရှိ အိမ်ခြေ ၃၃၉ အိမ်၊ လူ ၁၇၅၃ ဦးတို့အတွက် ရာသီမရွေး လမ်းပန်းဆက်သွယ်ရေးများ အဆင်ပြေသွားပြီဖြစ်ကြောင်း သိရသည်။

သန်းလွင်(မကွေး)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm