Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုးညှင်းမြို့နယ် ပင်ယံပွားစိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်း၏ ဆီထွက်သီးနှံစိုက်ပျိုးထားရှိမှု တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု


13 Feb,2024

မိုးညှင်း၊ ဖေဖော်ဝါရီ ၆

          ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ညောင်ကုန်းကျေးရွာရှိ ပင်ယံပွားစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ပံ့ပိုးငွေ ရယူထားသော အသင်းသား ၇၅ ဦး ၏ လယ်မြေဧက ၃၆၂ ဧကတွင် ဆောင်းသီးနှံသီးထပ်အဖြစ် ဆီထွက်သီးနှံစိုက်ပျိုးထားရှိရာ အသင်းသားတောင်သူ ဒေါ်ခင်စန်းဝင်း၏ လယ်မြေများ၌ နေကြာနှင့် မြေပဲများ စိုက်ပျိုးထားရှိမှုအခြေအနေအား  မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

          အဆိုပါအသင်းတွင် နေကြာ ၁၁၄ ဧက၊ မြေပဲ ၇၅ ဧကနှင့် ပဲပုတ် ၁၇၃ ဧက စိုက်ပျိုးထားရှိပြီး ယခုနှစ် ဧပြီလကုန်တွင် ရိတ်သိမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm