Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ပျဉ်းမနား မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ဘက်စုံစိုက်ပျိုးရေးနှင့် မွေးမြူရေးခြံသို့ ကွင်းဆင်းကြည့်ရှု


11 Feb,2024

နေပြည်တော် ဖေဖော်ဝါရီ ၁၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် သမဝါယမ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီ၊ ပျဉ်းမနားမြို့နယ်၊ သူဌေးကုန်းကျေးရွာရှိ ပျဉ်းမနားမြို့နယ်သမဝါယမ အသင်းစုလီမိတက်၏ ဘက်စုံစိုက်ပျိုးရေးနှင့် မွေးမြူရေးခြံသို့ သွားရောက်ပြီး မြို့နယ်သမဝါယမ အသင်းစုလီမိတက်နှင့် Big M Group Services ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း၍ ရုရှားသဘာဝ မြေဩဇာများ အသုံးပြုကာ ဧက ၄၀ ကျော်တွင် စိုက်ပျိုးထားရှိသော ထိုင်းအစေ့ထုတ်ပြောင်းမျိုး (GT-200 ၊ GT-822 ၊ GT-722) စိုက်ပျိုးထားရှိမှုအားလည်းကောင်း၊ နှမ်း (Black 7) မျိုး စိုက်ပျိုး ထားရှိမှုအားလည်းကောင်း၊ မတ်ပဲနှင့်နေကြာ စိုက်ပျိုးထားမှုအားလည်းကောင်း၊ ရုရှားသဘာဝ မြေဩဇာကို အသုံးပြု၍ ထိုင်းနှံကောက်စပါးမျိုးဖြင့် နွေစပါးစိုက်ပျိုးထားမှုအားလည်းကောင်း၊ ကြက်ကောင်ရေ ၄၀၀၀ မွေးမြူထားရှိမှုအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်ပြီး မြို့နယ်သမဝါယမအသင်းစုမှ အသင်းအမှုဆောင်များ၊ အသင်းသူအသင်းသား များနှင့် တွေ့ဆုံကာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားရေးနှင့် တောင်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအား ပိုမိုလုပ်ကိုင်နိုင်ပြီး အထွက်တိုးရေးကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် သမဝါယမအသင်းစုတာဝန်ရှိသူများနှင့် အသင်းသားများကိုယ်တိုင်ကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ထို့ပြင် သမဝါယမအသင်းအဖွဲ့စနစ်ဖြင့် တောင်သူများ လိုအပ်သည့် မျိုးကောင်းမျိုးသန့်၊ သွင်းအားစုများကို စိုက်ပျိုးချိန်အမီ ရရှိရေး ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရမည့် စိုက်ပျိုးရေးနည်းစနစ်များအတိုင်း လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် တောင်သူများ၏ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးနှင့် စိုက်ပျိုးသီးနှံများ အထွက်နှုန်းတိုးစေရေးအတွက် စံချိန်စံညွှန်းပြည့်ဝသည့် ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို ဈေးနှုန်းသက်သာစွာဖြင့် ရာသီအချိန်မီ ဖြန့်ဖြူးရောင်းချပေးနိုင်ရေးကို စီစဉ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ထွက်ရှိလာသည့်သီးနှံများကို ဈေးကွက်ခိုင်မာမှုရရှိရေး၊ သမဝါယမလယ်ယာ ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ဆောင်ပေးခြင်းဖြင့် စိုက်ပျိုးကုန်ကျစရိတ်များ သက်သာအောင် ပံ့ပိုးကူညီဆောင်ရွက် ပေးသွားမှာဖြစ်ပါကြောင်း၊ သမဝါယမအသင်းစုအနေဖြင့် နောင်ကာလများ တွင်လည်း အထွက်နှုန်းကောင်းသည့် သီးနှံအမျိုးအစားများကို ရွေးချယ်စိုက်ပျိုးနိုင်ရေးအတွက် ပံ့ပိုးဆောင်ရွက်မှုများ ပြုလုပ်ပေးမည်ဖြစ်ကြောင်း အားပေးပြောကြားကာ လုပ်ငန်းလိုအပ်ချက် များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm