မကွေးတိုင်းဒေသကြီး မကွေးခရိုင် မြို့သစ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပေပင်ရိုး-ပုဂံမျှော် ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ဖေဖော်ဝါရီလ ၁၁ ရက်တွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (နေပြည်တော်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေဦး၊ မကွေးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးနေအောင်ဆန်း၊ မြို့သစ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးကျော်နိုင်ဦးနှင့် အင်ဂျင်နီယာဝန်ထမ်းများက ကျေးရွာတာဝန်ရှိသူများနှင့်အတူ ပေပင်ရိုး-ပုဂံမျှော်ကျေးရွာချင်းဆက်လမ်းအရှည် ၆ ဒသမ ၁၃ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ထု ၇ လက်မ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်က ကျေးရွာတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းသည်။
မြို့သစ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးခွင့်ပြုငွေ ငွေကျပ် ၂ဝ၃ ဒသမ ၇၉၁ သန်းဖြင့် ပေပင်ရိုး-ပုဂံမျှော်ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ၂ဝ၂၃ ခုနှစ် ဇူလိုင်လ ၃ ရက်က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ အဆိုပါကျေးရွာချင်းဆက်လမ်းကို အသုံးပြုနေသော ပေပင်ရိုးကျေးရွာ၊ ပုဂံမျှော်ကျေးရွာနှင့် ဆည်ရွာကျေးရွာတို့ရှိ အိမ်ခြေ ၄၄၂ အိမ် လူဦးရေ ၂၁၉၇ ဦး၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် တခြားလူမှုရေးကိစ္စများအတွက် ရာသီမရွေးလွယ်ကူစွာ သွားလာဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သိရသည်။
အထွေး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်