Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ပေါက်ပင်သာကျေးရွာ ကွန်ကရစ်လမ်းသစ်နှင့် ၁၆၀ ကေဗွီအေ ထရန်စဖော်မာသစ်ဖွင့်ပွဲ ကျင်းပ


13 Feb,2024

မိတ္ထီလာ ဖေဖော်ဝါရီ ၁၃

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပေါက်ပင်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ထောက်ပံ့ရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်နှင့် ၁၆၀ ကေဗွီအေ ထရန်စမော်သစ် ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့က အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသည်။

ရှေးဦးစွာ မိတ္ထီလာမြို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမင်းထွန်းနှင့် မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းတို့ အမှာစကားပြောကြားပါသည်။

ဆက်လက်၍ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းကော်မတီဝင် တစ်ဦးက လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပါသည်။

ထို့နောက် ပေါင်ပင်ကျေးရွာ ကွန်ကရစ်လမ်းသစ်နှင့် ၁၆၀ ကေဗွီအေ ထရန်စမော်မာဖွင့်ပွဲမုဒ်ဦးအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းလွင်၊   တ္ထီလာမြို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမင်းထွန်းနှင့် မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပါသည်။

အဆိုပါ ပေါက်ပင်ကျေးရွာ ကျေးရွာတွင်းကွန်ကရစ်လမ်း အရှည်ပေ အကျယ် ၁၂ ပေ အမြင့် ခြောက်လက်မထုခင်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၅၀၊ ပြည်သူထည့်ဝင်ငွေကျပ် ၂၇၁ သိန်းဖြင့်လည်းကောင်း၊ ၁၆၀ ကေဗွီအေ ထရန်စဖော်မာတည်ဆောက်ခြင်းလုပ်ငန်းကို ပြည်သူထည့်ဝင်ငွေကျပ် ၃၂၉ သိန်းဖြင့်လည်းကောင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm