Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘားအံမြို့နယ် ဘုရားကြိုင်ကျေးရွာ၌ ရေရရှိရေးလုပ်ငန်းပြီးစီးမှု စစ်ဆေး


13 Feb,2024

ဘားအံ     ဖေဖော်ဝါရီ   ၁၃

          ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန က ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ကော့ကဒါကျေးရွာအုပ်စု၊ ဘုရားကြိုင်ကျေးရွာ၌ ရေရရှိရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ဖေဖော်ဝါရီ ၁၂ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးသူရလွင်နှင့် အင်ဂျင်နီယာဝန်ထမ်းများက သောက်သုံးရေရရှိရေး ကော်မတီ ဝင်များနှင့်အတူ ဘုရားကြိုင်ကျေးရွာ၌ ရေရရှိရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက ဆောင်ရွက်ပြီး လုပ်ငန်းများအား ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းသွားကြရန် ဆွေးနွေးမှာကြားသည်။

ဘုရားကြိုင်ကျေးရွာ၌  ရေရရှိရေးအတွက် အကျယ် လေးလက်မ၊ အနက်ပေ ၂၀၀ ရှိ စက်ရေတွင်းတူး‌ဖော်ခြင်း၊ အလျား ငါးပေ၊ အနံ ငါးပေ၊ အမြင့် ခုနှစ်ပေရှိ ရေစက်ရုံ တည်ဆောက် ခြင်းနှင့် ဂါလံ ၂၄၀၀ ဆံ့ စင်မြင့်ရေစင်တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရရန်ပုံငွေကျပ် ၂၀ ဒသမ ၂၆၉သန်း ဖြင့် လင်းဌေးကုမ္ပဏီက ၂၀၂၃ခုနှစ် မေလ စတုတ္ထပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း ၊ ထို့ကြောင့် ဘုရားကြိုင်ကျေးရွာရှိ အိမ်ခြေ ၁၀၂အိမ်၊ လူ ၃၀၅ဦးတို့အတွက် ရာသီမရွေး သောက်သုံးရေဖူလုံစွာ ရရှိနေပြီ ဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm