နေပြည်တော် ဖေဖေါ်ဝါရီလ ၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ အငယ်တန်းအင်ဂျင်နီယာ(၃)(မြို့ပြ)၊ အငယ်တန်းအင်ဂျင်နီယာ(၄)(မြို့ပြ)များ၏ လုပ်ငန်းခွင်ဝင်သင်တန်းအမှတ်စဉ်(၂/၂၀၂၄)သင်တန်းဆင်းပွဲ အခမ်းအနားကို (၉-၂-၂၀၂၄)ရက်နေ့ နေ့လည်(၁၃:၀၀)နာရီ အချိန်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ သင်တန်းဆင်းပွဲအခမ်းအနားသို့ အင်ဂျင်နီယာချုပ်(မြို့ပြ)များ၊ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်ကိုယ်စား အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးလှခိုင်က သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် သင်တန်းသားများအနေဖြင့် မိမိတို့လုပ်ငန်းခွင်သို့ ပြန်လည်ရောက်ရှိသည့်အခါ သင်တန်းမှ ပို့ချပေးလိုက်သည်များကို လက်တွေ့ကျကျ အကျိုးရှိရှိ/ထိထိရောက်ရောက် ပြန်လည်အသုံးချရမည်ဖြစ်ကြောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၏ ကျင့်ဝတ်နှင့်တန်ဖိုးကို လေးစားလိုက်နာ၍ ကျေးလက်နေပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေစေရန် ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။ ဆက်လက်၍ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးဇော်မိုးဦး က သင်တန်းသား/သူများ၏ (ကိုယ်စား) သင်တန်းသား/သူ(၂)ဦးထံ သင်တန်းဆင်းလက်မှတ်များအား ပေးအပ်ချီးမြှင့်ပေးခဲ့ပြီး သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကိုအောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
အဆိုပါသင်တန်းကို (၅-၂-၂၀၂၄)ရက် နေ့မှ (၉-၂-၂၀၂၄)ရက်နေ့အထိ တစ်ပတ်ကြာ သင်ကြားပို့ချပေးခဲ့ရာ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသား/သူ (၂၉) ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်