လှိုင်းဘွဲ ဖေဖော်ဝါရီ ၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန က ကျေးလက်ဒေသများရှိ ဒေသထွက်ကုန်များ ဈေးကွက်သို့ ကုန်ကျစရိတ် သက်သာစွာ အချိန်မီတင်ပို့နိုင်ရန်အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စု(မူလ)ရန်ပုံငွေဖြင့် ရေပူကြီး-နောင်ပလဲ့ကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးမှု အခြေအနေများကို ဖေဖော်ဝါရီ ၈ရက် နံနက်ပိုင်းက တာဝန်ရှိသူများကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးစောကျော်နိုင်ထွန်းနှင့် အင်ဂျင်နီယာဝန်ထမ်းများက တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကျေးရွာလမ်းဖြစ်မြောက်ရေးကော်မတီဝင်များနှင့်အတူ ရေပူကြီး -နောင်ပလဲ့ကျေးရွာကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ် ဦးစီးမှူးက ဆောင်ရွက်ပြီး လုပ်ငန်းများအား ရေရှည်တည်တံ့အောင် ဝိုင်းဝန်း ထိန်းသိမ်းကြရန် မှာကြားသည်။
လှိုင်းဘွဲမြို့နယ် ရေပူကြီး-နောင်ပလဲ့ကျေးရွာကုန်ထုတ်လမ်း အရှည် တစ်မိုင်၊ အကျယ် ၁၂ပေ၊ အမြင့် ကျောက်ရောမြေ နှစ်ပေ၊ ဂဝံ ကိုးလက်မ ခင်းခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စု(မူလ)ရန်ပုံငွေကျပ် ၆၉ ဒသမ ၇၉၅သန်း ဖြင့် တင်ဒါအောင်မြင်သည့် သစ္စာပြည့်စုံ ကုမ္ပဏီက ၂၀၂၃နှစ် မေလ စတုတ္ထပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောကျော်နိုင်ထွန်းက ပြောပြ၍ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်