Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အောင်လံမြို့နယ် မိုးကောင်းကျေးရွာ၌ RBF စီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


10 Feb,2024

အောင်လံ ဖေဖော်ဝါရီ ၁၀

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် မိုးကောင်းကျေးရွာအုပ်စု၊ မိုးကောင်းကျေးရွာ၌ ကျေးလက်စီးပွားရန်ပုံငွေမြင့်မားရေး ထူထောင်ခြင်းစီမံကိန်း(RBF)စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အောင်လံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေး၊ အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ထားထားရီနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက မိုးကောင်းကျေးရွာ၌ ကျေးလက်စီးပွားရန်ပုံငွေ မြင့်မားရေး ထူထောင်ခြင်းစီမံကိန်း(RBF)ရန်ပုံငွေဖြင့် တစ်နှစ်သား ဒေသနွားမွေးမြူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့်လအလိုက်ဖြည့်သင်းရမည့်ငွေစာရင်းပုံစံများ ပြည့်စုံမှု ရှိ၊ မရှိ ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေးက ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း လုပ်ငန်းစီမံကိန်း(RBF)နှင့်ပတ်သက်၍ လိုအပ်သည်များ  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အောင်လံမြို့နယ် မိုးကောင်းကျေးရွာ၌ ကျေးလက်စီးပွားရန်ပုံငွေမြင့်မားရေး ထူထောင်ခြင်းစီမံကိန်း (RBF)ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း၃၀၀ဖြင့်  ပထမအကြိမ်အဖြစ်   တစ်နှစ်သား ဒေသနွားမွေးမြူခြင်းလုပ်ငန်း လုပ်ကိုင်မည့်သူ အဖွဲ့ဝင်ဦးရေ၁၅ဦးပါ အစုအဖွဲ့သုံးဖွဲ့နှင့် အဖွဲ့ဝင် ခုနှစ်ဦးပါ အစုအဖွဲ့ တစ်ဖွဲ့တို့အတွက် တစ်ဖွဲ့လျှင် ငွေကျပ် ၇၅သိန်းစီဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး အဆိုပါလုပ်ငန်းဖြင့် မိသားစုဝင်ငွေတိုးပွားလာစေရန် မွေးမြူရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါ ကြောင်း အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန‌ မြို့နယ်ဦးစီးမှူး ဒေါ်ထားထားရီက ပြောပြသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm