မအူပင် ဖေဖော်ဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်၌ (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ယနေ့နံနက်ပိုင်းက ရွှေတောင်မှောကျေးရွာအုပ်စု၊ အင်းမကွက်သစ်ကျေးရွာ ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနား ကျင်းပသည်။
ဦးစွာ မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးမှ အဖွင့်အမှာစကားပြောကြား့ပြီး အင်းမကွက်သစ်ကျေးရွာသူကျေးရွာသားများ ကိုယ်စား ရပ်မိရပ်ဖ ဦးမြင့်လွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့သည်။
ထို့နောက် မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦး၊ မအူပင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရီရီမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး သက်ဇော်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်ဝိုင်းသက်ဦးတို့က ကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ကြပြီး ကွန်ကရစ်လမ်းသစ်ကို မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် တက်ရောက် လာသော တာဝန်ရှိသူများက လှည့်လည်ကြည့်ရှူ့စစ်ဆေးကြသည်။
အဆိုပါ ကျေးရွာတွင်း ကွန်ကရစ်လမ်းကို ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ( VDP )ဖြင့်နိုင်ငံတော် ထောက်ပံ့ငွေကျပ် (၁၅.၀၀)သန်း၊ ပြည်သူထည့်ဝင်ငွေကျပ် (၃.၀၀)သန်း စုစုပေါင်းငွေကျပ်(၁၈.၀) သန်းဖြင့် လမ်းအရှည်(၈၅၀)ပေ၊ အကျယ် (၁၀)ပေ၊ထု(၆)လက်မနှင့် Mobile Solar ရေသန့်စင်စနစ် တို့အား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ပေးခြင်းအားဖြင့် ကျေးရွာရှိ အိမ်ခြေ(၁၃၁)၊ အိမ်ထောင်စု (၁၃၃)၊ လူဦးရေ (၆၄၂)တို့၏ အလုပ် အကိုင်အခွင့်အလမ်းများ၊ ပညာရေး၊ ကျန်းမာရေးအစရှိသည့် လူမှု့စီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည့် အပြင် လမ်းပန်းဆက်သွယ်ရေးပိုမိုလွယ်ကူ အဆင်ပြေချောမွေ့လာမည်ဖြစ်ကြောင်း မအူပင်မြို့နယ် သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်